လဲချားမြို့နယ်တွင် အား/ကာ ကော်မတီဥက္ကဋ္ဌဖလား အသက်(၁၂) နှစ်အောက်နှင့် အမျိုးသားအလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

လဲချား သြဂုတ် ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အသက်(၁၂)နှစ်အောက်နှင့် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ဖူဆယ်စတား ကွင်းတွင်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  မြို့နယ်အား/ကာကော်မတီဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစား သစ္စာအဓိဋ္ဌာန် ရွတ်ဆိုကာ တက်ရောက်လာသော ဋ္ဌာနဆိုင်ရာအကြီးအကဲများမှ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ပြိး ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့သည်။

၂၀၂၂ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တတိယဆုရရှိအောင် စွမ်းဆောင်ခဲ့သော နည်းပြနှင့်ကစားသမားများအား ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် အသက်(၁၂)နှစ်အောက် ဖူဆယ်ပြိုင်ပွဲကို အ.ထ.က(က) အသင်းနှင့် အ.ထ.က (ခွဲ)နောင်မိန်း (ခ)အသင်းတို့ စတင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

လဲချား (မြို့နယ် ပြန်/ဆက်)