မိုင်းခုတ်မြို့၊ နောင်တုံကျေးရွာနှင့် ဝမ်ပုံကျေးရွာ၌ စာဖတ်ပရိသတ်လက်ဝယ်အရောက် စာအုပ်၊ စာစောင်များလှည့်လည်ငှားရမ်းပေး

မိုင်းခုတ် ဩဂုတ် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များလှည့် လည်ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲက နောင်တုံကျေးရွာနှင့် ဝမ်ပုံကျေးရွာအတွင်း ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စာအုပ်၊ စာစောင်များလှည့်လည်ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာနမှ ဝန်ထမ်းများက သုတ၊ ရသ စာအုပ်ပေါင်း ၁၅၀ ကိုသယ်ဆောင်၍ နောင်တုံကျေးရွာနှင့် ဝမ်ပုံကျေးရွာအတွင်းရှိ စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက်ငှားရမ်းပေးခြင်းနှင့် ယခင်အပတ် ငှားရမ်းထားသော စာအုပ်၊ စာစောင်များ အပ်နှံမှုတို့ကို လက်ခံဆောင်ရွက်ခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် လူငယ်၊ လူရွယ်များ၊ စာပေ ဝါသနာရှင်များ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်သည့်အလေ့အထများရရှိစေရန်နှင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များလာရောက် ငှားရမ်းဖတ်ရှု နိုင်ခြင်းမရှိသည့် စာဖတ်ပရိသတ်များ အဆင်ပြေစွာငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ လှည့်လည်ငှားရမ်း ပေးခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)