မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့၊ ဆင်ဖြူပရိယတ္တိစာသင်တိုက်တွင် စာသင်သံဃာတော်များအတွက် ကျန်းမာရေးသုံးပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်

​မော်လမြိုင် ဩဂုတ် ၂၆

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက ဆင်ဖြူပရိယတ္တိစာသင်တိုက်တွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုအား ​သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ရှေးဦးစွာဆင်ဖြူကျောင်း ပရိယတ္တိ စာသင်တိုက်၏ ဦးစီးပဓါနနာယက ဆရာ​တော် (ဒွိပိဋဓရ) အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တခေမာစာရ ဆရာ​တော်ကြီးထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး သတင်းသုံး​နေထိုင်​တော်မူ​သော သံဃာ​တော် (၉၆၀) ပါးအတွက် ကျန်းမာ​ရေး သုံးပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သံဃာ​တော်များ ကျန်းမာ​ရေး​စောင့်​ရှောက်မှုများ  ဆောင်ရွက်ပေးနေခြင်းကို အား​ပေးကြည့်ရှုခဲ့သည်။

ထို့​နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ​အောင်ဆန်းခန်းမ၌ သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူ​ထောင်​ရေးလုပ်ငန်များ ​ဆောင်ရွက်နိုင်​ရေး အလှူ​ငွေ​ပေးအပ်ရာ ပြည်နယ် ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်ဆိုသည်မှာ ကြိုတင်မှန်းဆ၍မရနိုင်ဘဲ အချိန်မ​ရွေး ဖြစ်ပေါ်လာနိုင်သည့်အတွက် ကြိုတင်ကာကွယ်​ရေးနှင့် ကယ်ဆယ်ကူညီ​ထောက်ပံ့​​ရေး ​ဆောင်ရွက်ပေးလျက်ရှိပါ​ကြောင်း၊ ဖြစ်ပွားလာပါကအချိန်မီ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေချထား​ရေးဆိုင်ရာ လုပ်ငန်းများအတွက် ယခုလို ​ပေးအပ်လှူဒါန်းမှုအ​ပေါ် ကျေးဇူး တင်ဝမ်းမြောက် မိပါ​ကြောင်းပြောကြား ကာအလှူရှင် ဦးမြင့်​ဇော်ဦးနှင့် ​ဒေါ်စန္ဒာ​ရွှေ မိသားစုမှ ​ပေးအပ်လှူဒါန်း​ငွေ ကျပ်သိန်း (၁၀၀) အား လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်​ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်