မြောက်ဦး ဩဂုတ် ၂၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်က စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များ နှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်ရေွမှ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များကို စာဖတ်စွမ်းရည် မြင့်မားစေရန်နှင့် အတွေးအခေါ် ဉာဏ်ရည်၊ ဉာဏ်သွေး မြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ပေးခြင်းဖြစ်ပြီး စာပေဖတ်ရှုလေ့လာခြင်းသည် လူငယ်များအတွက် အသိပညာဗဟုသုတများရရှိစေပြီး စာပေလေ့လာ ဖတ်ရှုကြရန်အတွက် စာရေးဆရာအောင်သင်း ရေးသားသော ရည်မှန်းချက်နှင့်ပြဿနာ အထွေထွေစာအုပ်ပါအကြောင်းအရာများထဲမှ “လူသားတိုင်းတွင် ရည်မှန်းချက် ကိုယ်စီရှိတတ်ကြပြီး ထိုရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိအောင် ကြိုးစား လုပ်ဆောင်လျက်ရှိသည်” စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ စာဖတ်ဝိုင်းပြုလုပ်ရာသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်(၂၀) ဦး တက်ရောက်ကြပြီး ထိုစာအုပ်ပါ အကြောင်းအရာထဲမှ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)