အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ

တာချီလိတ် စက်တင်ဘာ ၁

အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆိုင်းဘုတ် စိုက်ထူခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ကို ၂၀၀၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အခမ်းအနားကို ၂၀၁၃ ခုနှစ်မှ စတင်ကျင်းပလာခဲ့ရာ၌ ယခုနှစ်တွင် အဋ္ဌမအကြိမ်မြောက် ကျင်းပ ခြင်းဖြစ်သည်။

တာချီလိတ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့စိပ်မှ ၂၀၁၉ ခုနှစ်အထိ လူကုန်ကူးမှု(၅)မှုကို ဖော်ထုတ်အရေးယူနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ(၁၃)ဦးအား ကယ်တင် နိုင်ခဲ့ကာ လူကုန်ကူးသူ(၁၂)ဦးကို ဖော်ထုတ် အရေးယူနိုင်ခဲ့သည်။

အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို တာချီလိတ်-ကျိုင်းတုံ မော်တော်ကားလမ်းဆုံနှင့် တာချီလိတ် လေဆိပ်တို့၌ ပြုလုပ်ခဲ့ကြပြီး ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေး (အတွင်းရေးမှူး) ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်အောင်၊ တာချီလိတ်တပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဦးနှင့် ကာကွယ်တားဆီးရေး အဖွဲ့ဝင်များတက်ရောက် ခဲ့ကြ သည်။

အခမ်းအနားသို့ တက်ရောက်လာကြသူများအား တာချီလိတ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့စိတ်မှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် အထိမ်း အမှတ် တံဆိပ်ပါ Mask များနှင့် ရောင်စုံ ဘောလ်ပင်လေးများကို ပေးဝေခဲ့ကြကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)