မိုင်းနောင်မြို့ အထကကျောင်း Quarantine Center ဝင်ရောက်နေသူများအား တစ်ကိုယ်ရည်သုံးပစ္စည်း သွားရောက် ထောက်ပံ့

မိုင်းနောင် စက်တင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင် အထက ကျောင်း  Quarantine Center ဝင်ရောက်နေသူများအား နမ့်ခုံး ရှမ်းများ ပရဟိတအသင်း(ဗဟို)၊ တောင်ကြီးမြို့၏ထောက်ပံ့မှုဖြင့် မိုင်းနောင် နမ့်ခုံးရှမ်းများပရဟိတ အသင်းခွဲမှ တစ်ကိုယ်ရည်သုံး၊ အသုံးအဆောင် ပစ္စည်းများကို ယမန်နေ့နံနက်(၈)နာရီ အချိန်က သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့သွားရောက်ထောက်ပံ့ရာတွင် မိုင်းနောင်နမ့်ခုံးရှမ်းများ ပရဟိတအသင်းခွဲမှ အသင်းဝင်များသည် Quarantine  ဝင်ရောက်နေသူ အမျိုးသမီး(၃)ဦး၊ အမျိုးသား(၁)ဦးတို့အား သွားရောက်အားပေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခြင်း၊ Quarantine ရက်ပြည့်မြောက်၍ မိမိနေအိမ်သို့ ပြန်လည်ရောက်ရှိပါက စနစ်တကျနေထိုင်ရန်နှင့် အခက်အခဲတစ်စုံတစ်ရာရှိပါက လာရောက်ဆွေးနွေးနိုင်ရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရသည်။

မိုင်းနောင်ပြန်/ဆက်