သပိတ်ကျင်းမြို့လူထုအခြေပြုဗဟိုဌာနတွင် Mobile Phone ဖြင့် ဗီဒီယိုတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်

သပိတ်ကျင်း သြဂုတ်၂၅

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူလဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့ပေါ်ရှိ ဝါသနာရှင်လူငယ်များအား ယနေ့နံနက်ပိုင်းက Mobile Phone ဖြင့် ဗီဒီယိုတည်းဖြတ်နည်းသင်တန်း ပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်​ဖြိုးမမမှ ဌာနရှိဝန်ထမ်းများနှင့် ဝါသနာရှင်များအား ခေတ်နှင့်အညီ နည်းပညာများအား အသုံးပြုတတ်စေရန်ရည်ရွယ်ပြီး Mobile Phone ဖြင့် ဗီဒီယိုတည်းဖြတ်နည်း၊ ဆော့ဝဲ(လ်)အသုံးပြုနည်းများအား သင်တန်းပို့ချပေးခဲ့ပြီး သင်တန်းသား/ သူ(၆) ဦး တက်ရောက်ခဲ့ကာ သင်တန်းအား (၂) ရက်ပို့ချပေးသွားမည်ဖြစ်ကြောင်း ဌာန တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)