သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ရာသီတုတ်ကွေးရောဂါအသိပညာပေး (Talk Show)ဆွေးနွေးပွဲ ဆောင်ရွက်

သာကေတ     သြဂုတ်  ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ မိုးရာသီတွင်ဖြစ်ပွားတတ်သော ရာသီတုတ်ကွေးရောဂါဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီ က ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ (Talk Show) ဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူမှ မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများအား ပြည်သူများမှ ကာကွယ်နေထိုင်နိုင်ရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်ကို ပြောကြားပြီး သာကေတမြို့နယ် တိုင်းရင်းဆေးကုဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင်မှ မိုးရာသီတွင်ဖြစ်ပွားတတ်သည့် လေထိုးလေအောင့်ရောဂါ၊ အစာမကြေရောဂါ၊ ဝမ်းပျက်ဝမ်းကိုက်ရောဂါ၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ခေါင်းကိုက်၊ ခေါင်းတခြမ်းကိုက်စသည့်ရောဂါများဖြစ်လျှင် တွေ့ရှိသည့် လက္ခဏာများ၊ ပြုစုကုသနည်းများ၊ ကာကွယ်နေထိုင်နည်းများ အကျယ်တဝင့်ဆွေးနွေးပြီး ရာသီတုတ်ကွေးဖျားနာခြင်းများ ကင်းဝေးစေရန်အတွက် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ ကွင်းဆင်းဆေးကုသပေးလျက်ရှိကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အပြင်မှပြန်လာတိုင်း လက်ဆေးခြင်းကို မမေ့မလျော့ပြုမှုသင့်ကြောင်း အကြံပြုပြောကြားကာ ဆွေးနွေးပွဲကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)