အလုံ သြဂုတ် ၂၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်များ အသုံးပြုခြင်း လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲက အလုံမြို့နယ်အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ကြောင်း သိရသည်။
သင်တန်းတွင် အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက် အလုံမြို့နယ်ပညာရေးမှူး ဒေါ်သီတာမင်း၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းထွေးတို့ ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်း ပြောကြားခဲသည်။
အဆိုပါ သင်တန်းကို မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ နည်းပြများက သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ မူလတန်းအဆင့် ဆရာမ၊ ဆရာ ၃၀ ဦး တက်ရောက်ကာ သင်တန်းကာလ ၁ ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။
တင်တင်ချို (ပြန်/ဆက်)