မရမ်းကုန်းမြို့နယ်၌ တိုင်းဒေသကြီးအဆင့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပနိုင်ရေးပြင်ဆင်ဆောင်ရွက်မှု အခြေအနေအား တာဝန်ရှိသူများလာရောက်ကြည့်ရှု

မရမ်းကုန်း သြဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်  Myanmar Convention Centre (MCC) ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီး အဆင့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ပြင်ဆင်ဆောင်ရွက်မှုအခြေအနေအား ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ လာ​ရောက်ကြည့်ရှုခဲ့ရာ မရမ်းကုန်းခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ခိုင်၊  မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဇော်အောင်တို့မှ  လိုအပ်သည်များ ကူညီညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)