လဲချားတွင် ဒုတိယအကြိမ်မဲစာရင်းများကြေညာနိုင်ရေးနှင့် ပြည့်စုံမှန်ကန်မှုရှိစေရန် မဲဆန္ဒရှင်စာရင်းများ စိစစ်ဆောင်ရွက်

လဲချား စက်တင်ဘာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ဒုတိယအကြိမ်မဲစာရင်းများ ကြေညာနိုင်ရေးနှင့် ပြည့်စုံမှန်ကန်မှုရှိစေရန် မဲဆန္ဒရှင်စာရင်းများ စိစစ်ဆောင်ရွက်ခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် မန်နေ့နံနက် ၉နာရီက စိစစ် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဒုတိယအကြိမ်မဲစာရင်းများ ကြေညာနိုင်ရေးနှင့် ပြည့်စုံမှန်ကန်မှုရှိစေရန် မဲဆန္ဒရှင် စာရင်းများ စိစစ်ဆောင်ရွက်ရာတွင် ပထမအကြိမ် မဲစာရင်းမပါဝင်သူများကို ဒုတိယ အကြိမ်တွင် ပါဝင်နိုင်ရေး၊ မဲစာရင်း အချက်အလက် မှားယွင်းနေမှုများ မှန်ကန်မှုရှိစေရေး၊ ပုံစံ()၊ ပုံစံ()၊ ပုံစံ (-) နိုင်ငံသား စိစစ်ရေးကတ်ပြား အမှတ်များကို ပြင်ဆင် ဖြည့်စွက်ခြင်း စသည့်လုပ်ငန်းများကို မြို့နယ်ရွေးကောက်ပွဲကော်မတီအဖွဲ့ဝင်များမှ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အဖွဲ့ခွဲ၍အသေးစိတ် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

လွှမ်းသူနောင် (ပြန်/ဆက်)