မိုင်းယောင်း၌ စားသောက်ဖွယ်ရာများ ရောင်းချသည့်ဈေးဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေး

မိုင်းယောင်း စက်တင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စည်ပင်နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချသည့် ခေါက်ဆွဲဆိုင်များနှင့် စားသောက်ဖွယ်ရာများ ရောင်းချသည့် ဈေးဆိုင်များကို နေ့လယ်ပိုင်း ဖွင့်လှစ်ရောင်းချသည့်ဈေးဆိုင်များ စစ်ဆေးမှုကြီးကြပ်ရေး အဖွဲ့သည် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၏ ကြီးကြပ်မှုဖြင့် နေ့လယ်ပိုင်း ဖွင့်လှစ် ရောင်းချသည့် ဈေးဆိုင်များ စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့ဖြစ်သည့် မြို့နယ်စီမံကိန်းရုံး လက်ထောက် ညွှန်ကြားမှူး ဒေါ်နန်းဆေးယျ၊ ဒေါက်တာဟန်စိုး၊ အမှုဆောင်အရာရှိ ဦးအားထူ ယာ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်ခိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးမြင့်ကျော်၊ မီးသတ်တပ်ကြပ် ကျော်လှဦးနှင့် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး တို့သည်က စစ်ဆေးခဲ့ကြသည်။

စစ်ဆေးရာတွင် ဈေးဆိုင်၌ လက်ဆေးဘေစင်နှင့် လက်သန့်ဆေးရည် ထားရှိခြင်းရှိ/မရှိ၊ စားပွဲတွင် ပလပ်စတစ်ပြား အကာအရံခြားထားခြင်းရှိ/မရှိ စစ်ဆးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို အများမြင်သည့်နေရာတွင် ကပ်ထားခြင်းရှိ/မရှိ၊ ဆိုင်ရှင်များ လက်အိတ်နှင့် နှာခေါင်းစည်း (Mask) တပ်ထားခြင်းရှိ/မရှိနှင့် တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးဖြင့် စားသုံးနိုင်သည့် နေရာများ ဆောင်ရွက်ထားခြင်း ရှိ/မရှိ စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စားသောက်ဆိုင်များလိုက်နာရမည့် အချက် များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိကို စစ်ဆေးခဲ့ကြပြီး ဒေါက်တာဟန်စိုးက ကိုဗစ်-၁၉ ရောဂါ ကြိတင်ကာကွယ်ရေးအတွက် ပြည်သူအားလုံး အလေးထားဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားခဲ့ကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)