တံတား ဩဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ တက်ရောက်နေသော ကျောင်းသားကျောင်းသူ ကလေးသူငယ်များအား သံချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်း (၁၀:၃၀)အချိန် က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ သံချဆေးတိုက်ကျွေးရခြင်းမှာ ကျောင်းသားကျောင်းသူ ကလေသူငယ်များက မသန့်ရှင်းသော အစားအစာများစားခြင်း၊ မြေကြီးကိုင်ပြီးလက်မဆေးခြင်း၊ အိမ်သာဆင်းပြီးလက်မဆေးခြင်း၊ စသည်တို့ကြောင့် ကလေးသူငယ်များအတွက် သံဓာတ်အားနည်းခြင်း၊ ပရိုတိန်းဓာတ်အားနည်းခြင်း၊ အရိုးကြီးထွားမှုနှေးကွေးခြင်း၊ ကြွက်သားကြီးထွားမှု နှေးကွေးခြင်း၊ အရပ်ကြီးထွားမှု နှေးကွေးခြင်း၊ ဦးနှောက်ကြီးထွားမှု နှေးကွေးခြင်းအပြင် အစာနှင့်အူလမ်းကြောင်းကိုဒုက္ခပေးသော သွေးယိုစီးမှုကို မဖြစ်ပေါ်အောင် တားဆီးနိုင်ရေးအတွက် သံချဆေးတိုက်ကျွေးလျက်ရှိသည်။
ထို့နောက် ကျောင်းသားကျောင်းသူ ကလေးသူငယ်များအား ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီးက ဦးဆောင်၍ ဝန်ထမ်းများက သံချဆေးတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
မိုးဖြူလွင် (တံတား)