သန်လျင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ဓာတ်ပုံနံရံကပ်စာစောင်ပြပွဲ ကျင်းပ

သန်လျင်  ဩဂုတ်   ၂၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံနံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ()နာရီတွင် သန်လျင်မြို့အမှတ်() အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်း က ကျောင်းသားကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းစာအပြင် အသိပညာဗဟုသုတရရှိစေမည့် စာကောင်းပေမွန်များ ဖတ်ရှုလေ့လာခြင်းဖြင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များရရှိစေရန်၊ အမှန်းနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ဟောပြောခဲ့ပြီး  အထက() သန်လျင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှိုင် က ယခုကဲ့သို့ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် လာရောက်ဆောင်ရွက်ပေးသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ခန်းမတွင် ခင်းကျင်းပြသထားသော ဓာတ်ပုံ၊နံရံကပ်စာစောင်၊ စာအုပ်ပြပွဲအား ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အခြေခံပညာကျောင်းများသို့ ဆက်လက်သွားရောက်၍ ဟောပြောပွဲများ ဓာတ်ပုံနံရံကပ်စာစောင်ပြပွဲများ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)