ကျောက်တလုံးကြီး ဩဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ စာပေချစ်မြတ်နိုးသူများ အသင်း(Book Club)နှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ညနေက စာရေးဆရာ ဒေါက်တာကျော်စိန်၏ လူငယ်လမ်းညွန် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူငယ်လမ်းညွန် စာအုပ်ပါ အကြောင်းအရာများကို မြို့ဦးစီးမှူးနှင့် ကျောက်တလုံးကြီးမြို့စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့မှ ဒေါ်နန်းစွဲ၊ နန်းယံချော၊ နန်းအုပ်ခမ်းနှင့် ခွန်အောင်ဖေတို့က ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ စာဖတ်သည့် အလေ့အကျင်းကောင်းများရရှိစေရန်၊အသိပညာ ဗဟုသုတရရှိစေရန်၊ စာဖတ်သူအချင်းချင်း ရင်းနှီးမှုရရှိစေရန်၊ အပြန်အလှန် ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ ဒေါက်တာကျော်စိန်၏ လူငယ်လမ်းညွန်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)