မဘိမ်း စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မဘိမ်းမြို့မဈေးအတွင်းရှိ ဈေးဆိုင်များနှင့် မြို့မရပ်ကွက်အတွင်းရှိ ဈေးဆိုင် များတွင် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/မရှိကို ယမန်နေ့နံနက် ၇ နာရီ အချိန်ခန့်က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်မာကြည်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ မဘိမ်းမြို့မဈေး အတွင်းရောင်းချလျက်ရှိသော ဈေးဆိုင်များနှင့် မြို့မရပ်ကွက်အတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်များတွင် Ajinomoto (အာဂျီနိုမိုတို) ဟင်းခတ်အချိုမှုန့်များနှင့် Mistine အလှကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အချက်များနှင့်အညီ စနစ်တကျ လိုက်နာ ဆောင်ရွက်ရေးနှင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသည့် ကုန်ပစ္စည်းများ ဈေးကွက် အတွင်းရောင်းချမှုမရှိစေရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)