ဗိုလ်တထောင် ဩဂုတ် ၂၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် တိုင်းရင်းဆေးပညာအကြောင်း (Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁ဝး၀၀)နာရီ က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းယဉ် က တိုင်းရင်းဆေးပညာအကြောင်းကို မေးမြန်းဆွေးနွေးရာ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဆရာ ဦးအောင်ဟိန်းသူ က တိုင်းရင်းဆေးပညာရပ်တွင် အသား၊ ငါး၊ ပဲတို့မှရရှိသော ကျန်းမာရေးဓာတ်စာများ၊ ဂေါက်ရောဂါဖြစ်နေသူများအတွက် အစားအစာများ၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါဖြစ်နေသူများအတွက် စားသုံးသင့်သော အစာ၊ ဓာတ်စာများ၊ စားသုံးရန်မသင့်သော အစားအသောက်များနှင့် မြန်မာ့တိုင်းရင်းဆေးနည်းပညာဖြင့် ကုသမှုခံယူခြင်း၊ ရောဂါရှာဖွေရန်နှင့် ကုသမှုပြုရန်အတွက် ကွဲပြားခြားနားသော နည်းစနစ်များ၊ နည်းလမ်းများ၊ လက်နှိပ်ကုထုံးနှင့် လေ့ကျင့်ခန်းဆိုင်ရာများတို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း