သင်္ဃန်းကျွန်း ဩဂုတ် ၂၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယနေ့နံနက် (၁၁) နာရီအချိန် က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင် က လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံဖြိုးရေး၊ ကောင်းမွန်သောအလေ့အကျင့်ကောင်းများထားရှိရန်၊ အနာဂတ်တွင် လူရည်ချွန်များဖြစ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး ယနေ့လူငယ်လူရွယ်များ စာပေဖတ်ရှုမှုအားကောင်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စာပေဗဟုသုတ ကြွယ်ဝစေရန်၊ စာပေများမှ မှန်ကန်သောအသိတရား၊ မှန်ကန်သော ဆုံးဖြတ်ချက်များ ရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း၊ အားလပ်သောအချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြင့်မားရေးအတွက် စာဖတ်ခြင်းအကျိုးကျေးဇူးများကို အသိပညာဗဟု သုတ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ စာအုပ်စာပေချစ်မြတ်နိုးသူ စာပေဝါသနာပါသူ လူငယ်လူရွယ်လေးများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုဘုန်း(သင်္ဃန်းကျွန်း)