ဇမ္ဗူသီရိမြို့နယ်၌ “လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး” Talk Show ကျင်းပ

ဇမ္ဗူသီရိ ဩဂုတ် ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက “လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်နီလာစိုးနှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့က လူကုန်ကူးမှု ဖြစ်ပွားစေသော အဓိကအကြောင်း အရင်းများ၊ လူကုန်ကူးသူများ အသုံးပြုသည့် နည်းလမ်းများ၊ လူကုန်ကူးသူများ အဓိကပစ်မှတ် ထားသည့် နေရာများ၊ လူကုန်ကူးခြင်း ခံရနိုင်သူများ၏အခြေအနေ၊ လူကုန်ကူးခြင်းခံရသူတွေအနေနဲ့ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက် တွဲဆိုးကျိုးများ၊ လူကုန်ကူးမှုကျူးလွန်သူများ၏ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် လူကုန်ကူးခြင်း ခံရမှုများ လျော့နည်းပပျောက်သွားအောင် ဆောင်ရွက်သင့်သည့်အချက်များ စသည့်အကြောင်းအရာများအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု TalK Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)