မိုးနဲမြို့နယ်‌ မြေစိုက်နံရံကပ်ပြဘုတ်၌ ပလတ်စတစ် သုံးစွဲမှုလျော့ချရေး အသိပညာပေး ရုပ်စုံ/ဓာတ်ပုံ များပြသထားရှိ

မိုးနဲ   ဩဂုတ်   ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏  ရည်မှန်းချက်တာဝန် (၃) ရပ်ဖြစ်သော ပြန်ကြားပေးရန်၊  အသိပညာပေးရန်၊ ဖျော်ဖြေပေးရန် စသည့်လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အသိပညာပေးလုပ်ငန်းဖြစ်သော ပြည်သူများ ပလတ်စတစ်သုံးစွဲမှု လျော့ချနိုင်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ရုံးရှေ့မြေစိုက် ပြဘုတ်တွင် ချိတ်ဆွဲပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ပလတ်စတစ်လျော့ကျသော ပတ်ဝန်းကျင် ဖြစ်စေဖို့ အချက်(၉) ချက်၊ တစ်ခါသုံးပလတ်စတစ် မသုံးခြင်းအားဖြင့် သဘာဝပတ်ဝန်း ကျင်ကို အကျိုးပြုကြရအောင်၊ အနာဂတ်တောက်ပရေး ပလတ်စတစ်သုံးစွဲမှုကို ဆန့်ကျင်ပေး၊ အစားအစာများကို ပလတ်စတစ်အိတ်တွေနဲ့ အလွယ်တကူထုတ်ပိုးဝယ်မိနေသလား စသည့်အသိပညာပေး ရုပ်စုံ/ဓာတ်ပုံ (၂၁) ပုံကိုဝေဆာစွာ ချိတ်ဆွဲပြထားရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)