တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre ) ၌ လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပ

တောင်ဥက္ကလာပ         ဩဂုတ်   ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယနေ့နံနက် (၁ဝး၀၀)နာရီအချိန် က  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ကျောင်းသား ကျောင်းသူလူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံဖြိုးစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ ယဉ်ကျေးလိမ္မာသော လူတော်လူကောင်းများဖြစ်စေရန်၊ အနာဂတ်တွင် လူရည်ချွန်များဖြစ်စေရန်အတွက် လူငယ်နှင့်ယဉ်ကျေးမှူ ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းမှ ပြောကြားခဲ့ပြီး  စာအုပ်စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့မှ စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)မှ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ငယ်ရွယ်စဉ်အခါမှစ၍ လိမ္မာယဉ်ကျေးစေရန်၊ ထူးချွန်ထက်မြက်စေရန်၊ အနာဂတ်တွက် အားကိုးအားထားပြုရသော လိမ္မာယဉ်ကျေးသော လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်၊ စာပေဖတ်ရှုမှု အားကောင်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကိုယ်အမူအယာ၊ နှုတ်အမူအယာ ယဉ်ကျေးစေရေးအတွက် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် Book Club တို့ပူးပေါင်း၍ ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရေးအတွက် အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်လေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)