၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်/ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းယန်း ဩဂုတ် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်/ ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ဌာနဆိုင်ရာများအနေဖြင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ညှိနှိုင်းပေါင်းစပ်ကာ လုပ်ငန်းများ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြစေရန် ပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်/ ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား လျင်လျင်မြန်မြန်ချောချောမွေ့မွေ့ဖြင့် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများအနေဖြင့်  စာရင်းများအချိန်မီတင်ပြစေလိုပါကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ဆောင်ရွက်သွားမည့်လုပ်ငန်းအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး