မိုင်းဆတ်မြို့၌ Quarantine Centre ပြင်ဆင်မှုပြုလုပ်နိုင်ရန် ကွင်းဆင်းစစ်ဆေး

မိုင်းဆတ် ဩဂုတ် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ သံသယလူနာနှင့် ပိုးတွေ့လူနာများထားရှိမည့် Quarantine Centre ပြင်ဆင်မှုပြုလုပ်နိုင်ရန် ယနေ့နံနက်(၁၁)နာရီက ဌာနဆိုင်ရာများစုပေါင်း၍ မြို့နယ် အားကစားရုံနှင့် ဆိုက်ခေါင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်သို့ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

အဆိုပါ Quarantine Centre အဖြစ်အသုံးပြုမည့် မြို့နယ်အားကစားရုံတွင် Quarantine ထားရှိမည့် သူများ နေထိုင်၊ စားသောက်မှု၊ ရေ၊ မီး၊ မိလ္လာ အဆင်ပြေစွာအသုံးပြုနိုင်ရေးနှင့် သန့်ရှင်းသပ်ရပ်မှု ရှိစေရေး ခရိုင်ကိုဗစ်-၁၉ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ စောင့်ကြည့်စစ်ဆေး ကုသရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)