မင်္ဂလာဒုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမှ ကြိုတင်ကာကွယ်ရေးအတွက် (Larva Control) ပိုးလောက်လန်းကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မင်္ဂလာဒုံ သြဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့နံနက် ()နာရီအချိန် က ကုန်းတလပေါင်း ကျေးလက်ကျန်းမာရေးဌာနအပိုင်၊ စံသမာဓိလမ်းတွင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍သွေးလွန်တုပ်ကွေးရောဂါမှ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် (Larva Control) ပိုးလောက်လန်းကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြပြီးနောက် ကုန်းတလပေါင်ကျေးရွာအပိုင် ဆရာမများဖြစ်ကြသည့် ဒေါ်ကျိန်အစ်လျန်းနှင့် ဒေါ်ဇင်ဖူးဝေတို့မှ ကျန်းမာရေးအသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မြတ်မွန်ခင်(မင်္ဂလာဒုံ)