မိုင်းတုံမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု/ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ရည်မှန်းရန်အဆိုပြုချက် ညိုနှိုင်းအစည်းအဝေးကျင်းပ

မိုင်းတုံ   ဩဂုတ်   ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့  ၁၀ နာရီအချိန်က  မိုင်းတုံမြို့နယ် စီမံကိန်းဦးစီးဌာနမှ ဦးစီး၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု/ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရည်မှန်းရန် အဆိုပြုချက်ညိုနှိုင်း အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအ‌ဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်း‌ကျော်က၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု/ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ရည်မှန်းရန် အဆိုပြုချက် ညှိနှိုင်းအစည်းအဝေးပြုလုပ်‌ခြင်းသည် အမှန်တကယ်အရေးကြီးလိုအပ်သည့် လုပ်ငန်းများကို စည်းစနစ်ကျကျမှန်မှန်ကန်ကန်ဖြင့် စီစဉ်ပြီးတင်ကြရန်၊ တစ်ကယ်လိုအပ်သည့်လုပ်ငန်းများကို မကျန်ခဲ့စေရေး၊ ဌာနအလိုက်တင်ပြလာသော လုပ်ငန်းများအပေါ်စိစစ်၍ တန်းစီဇယားဖြင့် ပြန်လည်တင်ပြပေးသွားမှာဖြစ်ကြောင်း စသဖြင့်အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု/ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ရည်မှန်းရန် အဆိုပြုချက် ညိုနှိုင်းအစည်းအဝေးကျင်းပခြင်းနှင့် ပတ်သက်၍ အကျယ်တစ်ဝန်း ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ဌာနအလိုက် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် အတွက် ပြည်ထောင်စု/ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ရည်မှန်းရန် အဆိုပြုချက်များနှင့်ပတ်သက်၍ ပထမဦးစာပေးလုပ်ငန်း၊ ဒုတိယဦးစာပေးလုပ်ငန်း၊ တတိယဦးစာပေးလုပ်ငန်းဟူ၍ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)