တန့်ယန်း သြဂုတ် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၂ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအတွက် လေ့ကျင့်ပြင်ဆင်နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့ မွန်းလွဲ ညနေပိုင်းက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များတို့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမရှိ အကပြိုင်ပွဲဝင်မည့်အဖွဲ့၊ အဆိုပြိုင်ပွဲဝင်မည့် အဖွဲ့များ၏ လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးကာ လေ့ကျင့်သင်ကြားပေးနေကြသည့် တာဝန်ရှိ ဆရာ၊ဆရာမများနှင့် နေရေးထိုင်ရေးကိစ္စများ၊ ကျောင်းသား၊ ကျောင်းသူများ၏ ဝတ်စုံ စီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး သွားရောက်ယှဉ်ပြိုင်မည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ မင်းလွင်ဦး(ပြန်/ဆက်)