ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော ချောင်းဖီလာတဲတိုက်သို့ သောက်သုံးရေလှူဒါန်း

ညောင်ဦး  ဩဂုတ်  ၂၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော တောင်ဇင်းအုပ်စုချောင်းဖီလာတဲတိုက်သို့ ယနေ့နံနက် ၈နာရီအချိန်ကဝေမျှခြင်း ပရဟိတ(ရန်ကုန်)မှ သောက်သုံးရေသွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဝေမျှခြင်းပရဟိတမိသားစု(ရန်ကုန်)မှ ချောင်းဖီလာတဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းပေးခဲ့ပြီး သောက်သုံးရေလို အပ်နေသော အခြေခံပညာမူလတန်းကျောင်း ၅ ကျောင်းမှလည်း သောက်သုံးရေလှူဒါန်းဖို့ ဆက်သွယ်ထားပြီး  ဝေမျှခြင်းပရဟိတမိသားစုမှ အမြဲလှူဒါန်းပေးမည်ဖြစ်ကြောင်း  ဦးဝင်းမင်းထွန်း(အေး မေတ္တာသောက်ရေအလှူတော်)မှ ပြောကြား၍ သိရသည်။

ကိုကြေးမုံ