ကျောက်ပန်းတောင်းမြို့နယ်ထွက်ကြက်သွန်နီဈေးနှုန်း ၂၇၀၀ ကျပ်ထိဈေးတက်လာ

ညောင်ဦး  ဇူလိုင်   ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထွက်ရှိထားသည့်ဆောင်းကြက် သွန်နီခေါ်လှောင်ကြက်သွန်နီဈေးနှုန်း၂၇၀၀ကျပ်ထိဈေးတက်လာကြောင်း မုန့်ကုန်းကျေးရွာ ဆောင်းကြက်သွန် စိုက်ပျိုးတောင်သူ ဦးနေမျိုးထွန်းထံက သိရသည်။

ဆောင်းကြက်သွန်နီဈေးနှုန်းများ မေလ၊ဇွန်၊ဇူလိုင်လတို့တွင်ကြက်သွန်နီတစ်ပိသာ ၁၅၀၀ ကျပ် မှ ၁၆၀၀ ကျပ်ဈေးထိဈေးနှုန်းတက်ခဲ့ပြီး ဩဂုတ်လပထမပတ်မှာပင် ကြက်သွန်ဈေးနှုန်း ထပ်မံမြင့်တက်ခဲ့ကာ တစ်ပိသာ ၂၇၀၀ ကျပ်ဖြစ်နေခဲ့ကြောင်းသိရသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်နီခေါ်လှောင်ကြက်သွန်နီ အများအပြားစိုက်ပျိုးကြပြီး ကြက်မောက်တောင်ချောင်းတစ်လျှောက်စိုက်ပျိုးခြင်း၊ကြက် မောက်တောင်ဆည်ပတ်ဝန်းကျင်ကျေးရွာများမှ စိုက်ပျိုးခြင်း၊ ရေဆုံးအုပ်စုကျေးရွာများ စိုက်ပျိုးခြင်းနှင့် စိတ္ထိန်း၊ကမ်းဖြူကျေးရွာများတွင်စိုက်ပျိုးကြကြောင်း၊ ဆောင်းကြက်သွန် တစ်သီးစိုက်ပျိုးရန် ပျိုးထောင်ချိန်မှစိုက်ပျိုးချိန်၊နှုတ်သိမ်းချိန်ထိ အချိန်ခြောက်လကျော် ကြာမြင့်ကြောင်း၊ ဆောင်ကြက်သွန်မျိုးစတင်ပျိုးထောင်ချိန် သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ပျိုးထောင်ကြပြီး ပျိုးသက် ၄၅ ရက်ရှိလျှင် ကြက်သွန်စိုက်ခင်းအတွင်းသို့ ရွေ့ပြောင်းစိုက်ရ ကြောင်း၊ ရွေ့ပြောင်းမစိုက်ပျိုးခင်အချိန်ထိ ထွန်ရေးညက်အောင်ထွန် ယက်ရခြင်း၊ မြေဆီ၊ မြေဩဇာနှပ်ထားရခြင်း၊ ရေလောင်း၊ ရေဖျန်းရန် ကြိုတင်တွင်းတူး တွင်းဖော်ရခြင်းများ ကြိုတင် လုပ် ဆောင်ထားရကြောင်း၊ စိုက်ပျိုးချိန် ပျိုးနုတ်ရန်အလုပ် သမား၊အလုပ်သမငှားရမ်းရခြင်း၊ စိုက်ပျိုးဖို့ အလုပ်သမအမြောက်အများငှားစိုက်ရခြင်း များကကြက်သွန်စိုက်ပျိုးသူများ ငွေကုန်ကြေးကျများသည့်လုပ်ငန်းဖြစ်သော်လည်းနှစ် စဉ်နှစ်တိုင်းစိုက်နေကြဖြစ်နေခြင်းက ကြက် သွန် စိုက်သမားများနှစ်စဉ်စိုက်ပျိုးစေကြောင်း မုန့်ကုန်းကျေးရွာ ဦးနန်းတင့်ကရှင်းပြသည်။ ဆောင်း ကြက်သွန်နီဈေးနှုန်းများ သုံးနှစ် ဆက်အရှုံးပေါ်ခဲ့သော်လည်း ယခုနှစ်  ဩဂုတ်လအတွင်း ကြက်သွန်စိုက်ပျိုးတောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ကာ သီတင်း ကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ကြက်သွန်နီဈေးနှုန်းအမြင့်ဆုံးသို့ရောက်ရှိ တတ်ကြောင်း၊ ကြက်သွန် နီဈေးနှုန်း အတက်အကျမရှိဘဲ ၁၂၀၀ ကျပ်ဈေးဖြစ်နေခြင်းက ကြက်သွန်စိုက်ပျိုးတောင်သူများ ထုတ်ရောင်းရမလို၊ ဆက်ပဲလှောင်ထားရမလိုဖြစ်နေ ကြောင်းလည်း လဲဂွကျေးရွာ ကြက်သွန်နီ စိုက်ပျိုးတောင်သူ ဒေါ်ဌေးကြည်ကရှင်းပြ၍ သိရသည်။

ကိုကြေးမုံ