မိုင်းရယ် ဩဂုတ် ၂၄
ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက မိုင်းရယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအတွက် မိုင်းရယ်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူးမင်းအောင်က လူကုန်ကူးမှုအကြောင်းသိကောင်းစရာများနှင့် လူကုန်ကူးမှုဖြစ်စဉ်များ၊ တားဆီးကာကွယ်နိုင်မည့်နည်းလမ်းများကို ရှင်းလင်းဟောပြောပါသည်။ ဆက်လက်ပြီး လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မိုင်းရယ်မြို့ပေါ်ရှိ အထကနှင့် အလကကျောင်းများမှ ကျောင်းသား/သူ (၃၀)ဦး ပါဝင်ယှဉ်ပြိုင်ကြပါသည်။
ယင်းနောက် ပြသထားသည့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အထိမ်းအမှတ် နံရံကပ်စာစောင်များအား ကျောင်းသား/သူများက ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရှိရသည်။
မိုင်းရယ်(ပြန်/ဆက်)