ရေကြီးရေလျှံခြင်းအကြောင်း အသိပညာပေး (Talk Show)ကျင်းပ

ချမ်းမြသာစည် ဩဂုတ် ၂၄

ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ သိသင့်သိထိုက်သည်များတွင် ဖြစ်ပွားမှုအများဆုံးတွေ့ကြုံကြရသည့် ရေကြီးရေလျှံမှုအကြောင်းများကို အများပြည်သူသိရှိစေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show) ကျင်းပဆောင်ရွက်မှုကို ယနေ့နံနက်(၁၀)နာရီက ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။

(Talk Show) ဆွေးနွေးပွဲတွင် ရေကြီးရေလျှံမှုဖြစ်ပွားရခြင်းအကြောင်းရင်းများ ဆောင်ရန်/ရှောင်ရန်များအကြောင်း၊ ကြိုတင်ကာကွယ်တားဆီးရေးများအကြောင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်များအကြောင်း၊ ရေကြီးရေလျှံခြင်းဖြစ်ပေါ်ပြီးနောက် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာဂရုပြုသင့်သိသည့် အခြေအနေများအကြောင်း စသည်ဖြင့် အကျယ်တ၀င့်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ပြည်သူ့စာကြည့်တိုက်သို့လာရောက်သော ပြည်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် သဘာ၀ဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးဗီနိုင်းများအား ပေးအပ်လှူဒါန်းရာ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက လက်ခံရယူခဲ့သည်။

Talk Show ဆွေးနွေးခြင်းကို ချမ်းမြသာစည်မြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်သိန်း၊ ဒု-တပ်ဖွဲ့မှူး ဦးဌေးအောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းနှင့် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်တို့က ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

ခင်စိမ်းဝင်း