သိန္နီ သြဂုတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် မုန်တိုင်းဘေးအန္တရာယ်များ ကျရောက်လာပါက ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်စေရေး၊ ပြည်သူများမုန်တိုင်းအန္တရာယ်အသိ/သတိရှိစေရေး၊ ပြည်သူလူထုပူးပေါင်းပါဝင်ရေးတို့အတွက် မုန်တိုင်းဘေးတုန့်ပြန်ရေးဆိုင်ရာ(Table -Top Exercise) ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က သိန္နီမြို့၊ မြို့ဦးကြာကန်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်း၊ သတင်းရဲတပ်ဖွဲ့တို့မှ အင်အား(၃၀)ဦးခန့်သည် ပြည်သူများ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက အရေးပေါ်ကယ်ရေးများပြုလုပ်နိုင်ရေးအတွက်(Table-Top Exercise) ဇာတ်တိုက်လေ့ကျင့်ခြင်းများပြုလုပ်၍ ဒေသခံပြည်သူများအားပြသခြင်းများ ဆောင်ရွက်ခဲ့သည်။ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ရာတွင် အဆင်ပြေနိုင်ရေးအတွက် သိန္နီမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးကြည်လင်က ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)