ရွာငံ ဩဂုတ် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာပေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခြင်းကို ယနေ့ နေ့လည်(၁၁)နာရီက ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အသိပညာပေးဟောပြောရာတွင် မြို့နယ်ဦးစီးအရာရှိဒေါ်ပြည်ဖြိုးသန့်က စာဖတ်ခြင်းဖြင့် ရရှိသည့် အကျိုးကေျးဇူးနှင့် စာပေဗဟုသုတအကြောင်းများကို ကျောင်းသား/သူ လေးများအား အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် သေွးလွန်တုပ်ကေွးနှင့် ပက်သက်သည့် အကြောင်းအ ရာများကိုနံရံကပ်စာစောင် ပြသထားရာ ကျောင်းသား /သူများက စိတ်ဝင်တစ်စား လေ့လာကြည့်ရှုခဲ့ကြောင်း အဆိုပါဟောပြောပွဲသို့ ရွာငံမြို့နယ်အခြေခံပညာအထက်တန်း ကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား/သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးသန့်