ဟိုပန် ဩဂုတ် ၂၄
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ အသက်ငါးနှစ် မှ ကိုးနှစ်အတွင်းရှိ ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်(၁၀)နာရီတွင် ကျန်းမာရေးဝန်ထမ်းများက ရုံးကုန်းရပ်ကွက်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန စုရပ်နေရာ၌ စတင်ထိုးနှံပေးလျက်ရှိသည်။
ဆေးထိုးရန် ကျန်ရှိသည့် နေရာများဖြစ်သည့် ဈေးရပ်ကွက်၊ မန်ကောင်း၊ မန်ခွန်၊ မန်မိုင် နှင့် နမ့်လျန် ရပ်ကွက်များရှိ အသက်ငါးနှစ်မှ ကိုးနှစ်အတွင်းရှိ ကလေးငယ်များအား အထက(ဟိုပန်)ကျောင်း စုရပ်နေရာ၌ ဩဂုတ်လ (၂၅) ရက်နေ့တွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)