နမ့်ဆန် ဩဂုတ်လ ၂၄
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင် လီခမ်းက မိဘပြည်သူများ အသိပညာရရှိစေရန်အတွက် (Online ) စနစ်ဖြင့် (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခြင်း၊အမျိုးသမီးများ၏ အခွင့်အရေးများအကြောင်း၊အကြမ်းဖက်မှု ဖြစ်စဉ်များအကြောင်းအရာများကို ဆွေးနွေးပြီး ဦးစီးအရာရှိဒေါ်နန်းထားထားလှိုင်က အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေးအကြောင်းတို့ကိုဆွေးနွေးပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် စသည့်အကြောင်းအရာတို့ကိုရှင်း လင်းဆွေးနွေးခဲ့ ကြောင်းသိရသည်။
နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး Talk Show အပါအဝင် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေးအစီအစဉ်များကိုလည်း ရိုက်ကူးထုတ်လွှင့်ပေးလျက် ရှိပါကြောင်း သိရပါသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)