ကျောက်ဆည် ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးဖူလုံပိုလျှံရေး တိုက်နယ် (၁၂) ခု၊ ကွင်းပေါင်း (၂၁၇) ကွင်း၌ ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ ဆင်းသုခ မိုးစပါး (၄၆၀၆၇) ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
မိုးစပါးသီးနှံများကို ပန်းခွာ-ကျီးပြ-သင်ပျို-ကျီးအိပ်-ဒွေးလှ-ငါးဆူ-ရှားပင် ကျေးရွာအုပ်စု များတွင် (၁၇၆၂) ဧက၊ ဒါန်းတိုင်-ရန်ဘက်လို-ပေတော-ဘုံကွင်း-စင်းကွန်း ကျေးရွာအုပ်စုများတွင် (၄၅၆၈) ဧက၊ လက်ပန်ဇင်-မယ်ဇယ်ပင်-တံစိုး-သူငယ်တော်-ပွတ္တိုင်-မြောင်းဦး-အနောက်သာဂရ-ရွာပုလဲ-ကတဲ-ပနံ ကျေးရွာအုပ်စုများတွင် (၄၈၃၈) ဧက၊ ညောင်ရွေ- သင်ပုတ်- ဇရပ်ဖြူ- ငါးအိုး- ရွာနန်း- လက်ပန်- ညောင်ဝန်း- ကြောင်ပန်းကုန်း ကျေးရွာအုပ်စုများတွင် (၄၀၀၃)ဧက၊ တောင်နောက်-သင်တောင်း-အင်တိုင်း-ပြည်ပန်းဖောင်ရွာ- ကြက်မင်းတွန်- ပတ္တာ-ပင်တလည်-သမန္တလင်း- မြင်းကဘက်- မုန့်ပေါင်း- လက်ပန်ဇင် ကျေးရွာအုပ်စုများတွင် (၄၈၄၅)ဧက၊ အရှေ့ငယ်တိုး- ထန်းဇင်တော်- ငှက္ကတောင်- ရွှေဓား- ရဲဘော်ကြီး ကျေးရွာအုပ်စုများတွင် (၃၆၅၆)ဧက၊ ဖျောက်ဆိပ်ပင်-ရွာသစ်-ရေသရောက်-ချောင်းဆုံ- သရက်ပင် - ရဲ - ကြောင် - ဇရစ်ခဲ-အုန်းကြော-ကြက်သားဟင်း ကျေးရွာအုပ်စုများတွင်(၂၃၅)ဧက၊ သင်္ဂတုံ- အရှေ့သာဂရ- ကလေး- မှိုင်းပန်- ပြည်တော်သာ- ရှမ်းတောင်ဦး-ပုထိုးနီ- ကုလားကျောင်း ကျေးရွာအုပ်စုများတွင် (၅၂၄၀)ဧက၊ ရဲမအူ-စိုင်မလန်း-ကိုးပင်- အင်ရောင်း-ကလိုင်ကျော် ကျေးရွာအုပ်စုမျးတွင်(၄၂၃၆)ဧက၊ မင်းစု-စပါယ်တော-ရွှေအင်း-လေးဆယ်ကုန်း-တောတွင်-မြေစိုပယ်ကျေးရွာ အုပ်စုများတွင်(၄၉၅၈)ဧက၊ ဟံမြင့်မိုရ်-လယ်ကြီး-ပုန်းညက်ကျေး-ကျားကာ-သံရွာ- ခါးတက်ကုန်းကျေးရွာ အုပ်စုများတွင် (၄၆၈၈) ဧက၊ ဆူးလေကုန်း- ပေါက်ပင်ကွေ့- မြေစိုမိုး- ပဲခင်း- ပေါင်လောင်- တောင်တော်- ကင်းကျေးရွာ အုပ်စုများတွင် (၃၀၃၈) ဧက စုစုပေါင်း (၄၆၀၆၇)ဧက လျာထားစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးစပါးများစိုက်ပျိုးရာတွင် သိပ္ပံနည်းကျပျိုးထောင်စိုက်ပျိုးခြင်း၊ ရိုးရိုး ပျိုးထောင်စိုက်ပျိုးခြင်း၊ တန်းဆွဲအစေ့ချစိုက်ပျိုးခြင်း၊ ကြဲပတ်အစေ့ချစိုက်ပျိုးခြင်း အမျိုးမျိုးစိုက်ပျိုးကြကြောင်းနှင့် စပါးစိုက်ခင်းများအောင်မြင်စေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးမွှားကင်းစင်သည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သတ်မှတ်အထွက်နှုန်းပြည့်မီစေရေး၊ စိုက်ပျိုး နည်းစနစ်များမှန်ကန်စေရေး၊ ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲစေရေး၊ ပေါင်းမြက်များ အချိန်မီနှိမ်နင်းရေး၊ ကင်းထောက်မှတ်တမ်းများယူပြီး ပိုမွှားရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းစေခြင်း၊ စိုက်ပျိုးရေချွေတာပြီး ရေသွင်းရေထုတ် မှန်ကန်စေရေး၊ သဘာဝမြေဩဇာများ၊ သဘာဝမှိုသတ်ဆေးများ၊ ပိုးသတ်ဆေးများ အချိုးကြသုံးစွဲစေရေး စသည့်နည်းပညာများ ကူညီပံ့ပိုးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်