တာချီလိတ်မြို့၌ လူငယ်နှင့်အောင်မြင်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်

တာချီလိတ်  ဩဂုတ်   ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ လူငယ်နှင့်အောင်မြင်ရေးအသိပညာပေး Talk Show ကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ဩဂုတ်လ ယမန်နေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး Talk Show တွင် တာချီလိတ်မြို့နယ်စာရေးဆရာအသင်း နာယက ဦးစိုးစိုးက လူငယ်သည် ရည်မှန်းချက်ပန်းတိုင်ရှိရမည်ကြောင်း၊ ထိုရည်မှန်းချက်ပန်းတိုင်ကို အကောင် အထည်ဖော်နိုင်ရန် စွမ်းဆောင်ရည်ရှိရ မည်ကြောင်း၊ မိမိရည်မှန်းချက်ကို မိမိက အကောင် အထည် ဖော်ရန်လိုအပ်ကြောင်း၊ အချိန်ကို တန်ဖိုးထားရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အကျင့်စာရိတ္တ ကောင်းမွန်ရန် အလွန်အရေးကြီးကြောင်း၊ ဉာဏ်ပညာထက်မြက်အောင် အမြဲ ကြိုးစားနေရမည် ဖြစ်ကြောင်း၊ ကောင်းသောအရာလုပ်လျှင် ကောင်းသောပဲ့တင်သံပြန်လာမည်ဖြစ်ကြောင်း၊  တကယ် ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ရမည်ဆိုသော စာဆိုအတိုင်း မိမိရည်မှန်း ချက်ပန်းတိုင်ကို ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားပါက အောင်မြင်သောဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်