မောက်မယ်မြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မောက်မယ် သြဂုတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ဝေသည့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက လမ်းဘေးဝဲယာစျေးဆိုင်များနှင့် လူနေအိမ်များသို့ ဖြန့်ဝေခဲ့ကြသည်။

အဆိုပါအသိပညာပေးလက်ကမ်းစာစောင်တွင် “လျှပ်စစ်အန္တရာယ်ကင်းရှင်းရန်” လျှပ်စစ်ပစ္စည်းများ ကိုင်သွယ်အသုံးပြုရာတွင် သတိထားဆောင်ရွက်ရန်၊ “တွေ့လျှင်ပြောကြပါ” လျှပ်စစ်အန္တရာယ်ဖြစ်နိုင်သောအချက်များတွေ့ရှိပါက နီးစပ်ရာလျှပ်စစ်ရုံးများသို့ အမြန်ဆက်သွယ်အကြောင်းကြားရန်၊ တာဝန်မရှိဘဲ ဓါတ်တိုင်ပေါ်သို့ တက်ရောက်ခြင်းမပြုရန်၊ ရေစိုလက်၊ ရေစိုဖိနပ်စီး၍ လျှပ်စစ်ပစ္စည်းများကို ကိုင်တွယ်ခြင်းမပြုရန်၊ စျေးပိတ်ချိန်အိမ်ပြန်လျှင် ဆိုင်အတွင်းရှိမီးခလုတ်များနှင့် မီးပလပ်များဖြုတ်ရန်မမေ့ပါနှင့် စသည့်အချက်များပါဝင်ကြောင်း သိရသည်။  

စိုင်းမျိုးသန့်(မောက်မယ်)