မြင်းခြံ ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့တွင် ၂၀၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှူ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်ရွှေတံဆိပ်ဆုရ အဆိုဒိုင်ပညာရှင် ဒေါ်အေးအေးမြင့်အောင်က “ဇေယျတု သဗ္ဗမင်္ဂလာ” တေးသီချင်းဖြင့် ဧည့်ခံဖျော်ခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲကို စတင်ကျင်းပရာ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တို့မှ အခြေခံပညာ(၁၀-၁၅) အက (၄) ဦး၊ အခြေခံပညာ (၁၅-၂၀) အက (၃) ဦး၊ အဆင့်မြင့်ပညာ အဆင့် အက (၁) ဦး၊ ဝါသနာရှင်-ဒုတိယ အက (၁) ဦး၊ ဝါသနာရှင်-ဒုတိယ အဆို (၁) ဦး၊ အခြေခံပညာ (၁၅-၂၀) အဆို (၃) ဦး၊ အဆင့်မြင့်ပညာအဆင့် အဆို (၂) ဦး၊ ဝါသနာရှင်-ဒုတိယ အဆို (၃) ဦး၊ ဝါသနာရှင်-ပထမ အဆို (၁) ဦး၊ အခြေခံပညာ (၁၀-၁၅) အတီး (၂) ဦး၊ ဝါသနာရှင်-ဒုတိယ အတီး (၁) ဦး စုစုပေါင်း (၂၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ကျော်စွာ (မြင်းခြံ)