ညောင်ဦး ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့မှ ညောင်ဦးမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉)နာရီ (၃၀)မိနစ်အချိန်က ညောင်ဦးမြို့နယ် ညောင်တိုကျေးရွာ အတွင်း ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့ ဦးဖိုးသားထံက သိရသည်။
ညောင်ဦးမြို့အတွင်း မိုးရာသီအချိန် ပေါင်းမြက်များထူထပ်စွာပေါက်ရောက်ပြီး ရပ်ကွက်နေပြည်သူများ ခြင်းကိုက်ခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် နှစ်စဉ်နှစ်တိုင်း အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့က လိုက်လံကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ ခြင်းလောင်းသားပေါက်လောက်လောင်းကောင်များပေါက်ဖွားနိုင်သည့် ကားဝပ်ရှော့များ၊ ဆိုင်ကယ်ဝပ်ရှော့များရှိ မိုးရေဝင်ရောက်နေနိုင်သည့် တာယာကွင်းများအား ဝင်ရောက်နေသည့်ရေများကိုသွန်ပြစ်ခြင်း၊ ပေါင်းမြက်များတွင် ကပ်ညိပေါက် ပွားနိုင်သည့် လောက်လောင်းကောင်များအား ဆေးဖျန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယနေ့တွင်လည်း ညောင်တိုကျေးရွာအတွင်း ခြင်ပေါက်ပွားနိုင်သည့်နေရာများ၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ညောင်တိုကျေးရွာ အတွင်း တစ်အိမ်ဝင်တစ်အိမ်ထွက်၊ လမ်းကြိုလမ်းကြားမကျန် ခြင်ဆေးဖျန်းခြင်းများ ညောင်ဦးမြို့၊ အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့မှကူညီ၍ ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်ပေးခဲ့ ကြောင်း၊ ညောင်တိုကျေးရွာတွင် အိမ်ခြေ (၄၃၈)အိမ်နှင့် လူဦးရေ (၁၉၀၁) ဦးရှိကြောင်း၊ ခြင်ဆေးဖျန်းလိုပါက အမှတ်(၅)၊ အရန်မီးသတ်သို့ အကူအညီတောင်းခံနိုင်ကာ ၀၉၄၀၁၃၄၄၀၅၇၊ ၀၉၈၈၀၁၅၁၁၉၁ ၊ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
ကိုကြေးမုံ