တံတားဦးမြို့နယ် မီးသွေးတိုက်ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား မြို့နယ်အဆင့်  ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်

တံတားဦး ဩဂုတ် ၂၄

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့ဖြင့်  ယမန်နေ့နံနက်(၉)နာရီက တံတားဦးမြို့နယ် မီးသွေးတိုက် ကျေးရွာအုပ်စု မီးသွေးတိုက်ကျေးရွာ ရန်အောင်မြင်ဘုရား ပုရဝုဏ်အတွင်း၌ မြေပြင်ကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက  ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ ကျေးရွာပြည်သူ့လုံခြုံရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများ ကိုလည်းကောင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်ဦးက နိုင်ငံတော်စီမံအုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် များနှင့် ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် မြို့နယ်အတွင်း ပြည်သူများလံဒခြုံရေးများကိုလည်းကောင်း၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများမှ  ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကိုလည်းကောင်း၊ ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆောင်ရွက်ပေးကြသည်။

ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မီးသွေးတိုက်ကျေးရွာအုပ်စု ဖွံ့ဖြိုးရေးလုပ်ငန်းများ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်ထိုးနှံပေးနေမှုကိုလည်းကောင်း၊ အပြင်စံရာအခြေခံပညာမူလတန်းကျောင်း တိုးချဲ့ရန်ပုံ ငွေဖြင့် တည်ဆောက်နေသည့် ကျောင်းဆောင်သစ်ကိုလည်းကောင်း၊ ကျေးရွာအတွင်း လမ်းသွယ်များ ကွန်ကရစ်လမ်းခင်းနိုင်ရေးကိုလည်းကောင်း၊ ကျေးရွာအတွင်း သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ပြန်လည်ပြုပြင်ရေးကတို့ကိုလည်းကောင်း ကြည်ရှုစစ်ဆေးပြီး သက်ဆိုင်ရာဌာနများ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲတင့်