ငါန်းဇွန်မြို့နယ် မဂျီကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စုများအား တိုင်းဒေသကြီးကြက်ခြေနီအသင်းမှ ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

ငါန်းဇွန် ဩဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ် မဂျီကျေးရွာအုပ်စု၊ မဂျီကျေးရွာ၌ ယမန်နေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်က မီးဘေးသင့်အိမ်ထောင်စုများအတွက် တိုင်းဒေသကြီးကြက်ခြေနီအသင်းက ထောက်ပံ့လှူဒါန်းသည့် ကယ်ဆယ်ရေးပစ္စည်းများကို မဂျီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးရှေ့၌ မြို့နယ်ကြက်ခြေနီအသင်းက မြို့နယ်အုပ်ချုပ်ရေးထံ လွှဲပြောင်းပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းနှင့် တာဝန်ရှိသူများမှ မီးဘေးသင့်အိမ်ထောင်စုများထံသို့ ပြန်လည်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် တိုင်းဒေသကြီးကြက်ခြေနီအသင်းမှ မီးဘေးသင့်အိမ်ထောင်စု(၆၃)စုမှ လူဦးရေ(၂၅၆)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၄၈)မျိုး (မိသားစုအသုံးအဆောင်၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်း) (ပစ္စည်းတန်ဖိုးငွေကျပ် ၁၅၅ သိန်း ၉ သောင်း)တို့ကို ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။  

သက်နောင်ဦး(ငါန်းဇွန်)