ကျိုင်းတုံမြို့၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကျိုင်းတုံ ဩဂုတ်၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲ မြို့နယ် စည်ပင်သာယာခန်းမ၌ ကျင်းပသည်။   

အဆိုပါပြိုင်ပွဲသို့ ကျိုင်းတုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များက ကဗျာလွတ် (၁၆)ဦး ယိမ်းအကပြိုင်ပွဲ၊ တစ်ဦးချင်း(အမျိုးသား) စန္ဒရားတီးပြိုင်ပွဲ၊ အဖွဲ့လိုက်(အမျိုးသား ၅ ဦး) အိုးစည်ပြိုင်ပွဲနှင့် အဖွဲ့လိုက်(အမျိုးသား ၆ ဦး) ဒိုးပတ် ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)