ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ဒဂုံတောင်  သြဂုတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မွေးကင်းစမှ ()နှစ်အောက် ကလေးငယ်များအား  ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ဆေးရုံ၊ မြို့နယ်ဒေသန္တရ တိုက်နယ်ဆေးခန်းများတွင် ထိုးနှံတိုက်ကျွေးပေးလျှက်ရှိကြောင်း သိရသည်။

ထိုသို့ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို  သက်ဆိုင်ရာ ဒေသန္တရ ဆေးခန်းများအလိုက် လစဉ်လဆန်းရက်များနှင့် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ထိုးနှံတိုက်ကျွေးလျှက် ရှိရာ ယနေ့နံနက် (၁၀)နာရီမှ(၁၂)နာရီအထိ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၁၈) ရပ်ကွက်တွင် ပုံမှန်ကာကွယ်ဆေးများဖြစ်သော အဆုတ်၊ တီဘီ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ငါးမျိုးစပ်ကာကွယ်ဆေး (BCG) ပိုလီယို၊ ပြင်းထန် အဆုတ်ရောင်ရောဂါ၊ မေးခိုင်ရောဂါ၊ ဝက် သက်၊ ဂျိုက်သိုးရောဂါနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးကြောင်း  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သန်းသန်းအေး (ဒဂုံတောင်)