ကွမ်းခြံကုန်း ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ မုန်းတိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာ Table -Top -Exercise ပြုလုပ်ခြင်းနှင့် ငလျင်ဘေဇာတ်တိုက် လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်စခန်းနှင့် အ-ထ-က (၂) ကျောင်းတွင် ယနေ့နံနက် ၈နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ် မြို့နယ်စီမံအုပ်အုပ်ချုပ်ရေးဥက္ကဋ္ဌ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရးမှူး ဦးကျော်ထွန်းမှ အဖွင့်မှာစကားပြောကြားပြီး မြို့နယ်လူဝင်မူကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဆွေဆွေဦးမှ သဘာဝဘေးအန္တရယ် ဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမြသူထိုက်မှ သဘာဝဘေးအန္တရယ်မဖြစ်ပွားမည်၊ ဖြစ်ပွားဆဲနှင့်ဖြစ်ပွားပြီးနောက် ဆောင်ရွက်မည်လုပ်ငန်းစဉ် များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အ-ထ-က(၂) ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီအသင်းတပ်ဖွဲ့ဝင်များမှ ဇာတ်တိုက်လေ့ကျင့်မူများ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ပရဟိတအသင်းများ က ကြည့်ရှုခဲ့ကြပြီး အခမ်းအနားသို့ (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေနွယ်(IPRD)