ညောင်ရွှေ ဩဂုတ် ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ပညာရေးဌာနနှင့်ပူးပေါင်း၍ အခြေခံပညာ ကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ နယ်လှည့်စာကြည်တိုက်ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီက ညောင်ရွှေမြို့နယ်၊ ရေပယ်ထက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ဦးစီးမှူး ဦးနေမျိုးသူရိန်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသားကျောင်းသူလေးများအတွက် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်း၊ နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ကျောင်းသားကျောင်းသူလေးများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်းနှင့် မွန်းလွဲပိုင်းတွင် မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည့် ရေပယ်အောက်ကျေးရွာ အခြေခံပညာမူတန်းကျောင်း၌ နယ်လှည့်ကွင်းဆင်းခြင်းလုပ်ငန်း ဆက်လက် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ