တောင်ကုတ် ဩဂုတ် ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ အသိပညာဗဟုသု ကြွယ်ဝလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စာကြည့်တိုက်ကို အသုံးချတတ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ကျင်းပသည်။
စာဖတ်ဝိုင်းနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဒုတိယဦးစီးမှူး ဒေါမြင့်မြင့်အေးက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များသို့ မောင်မောင်၏ လက်ဆေးကဗျာ စာအုပ်ပါကဗျာများကို တစ်ဦးချင်းရွတ်ဆိုခိုင်းပြီး ကဗျာနှင့်ပတ်သက်၍ အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ ဝင်ရောက်ကြသည့်ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များသို့ စားစရာနှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်