ပေါက်တောမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

ပေါက်တော ဩဂုတ်  ၂၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားတတ်ပုံ၊ သွေးလွန်တုတ်ကွေးရောဂါ၏ လက္ခဏာများ၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ စသည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးပြောကြသည်။ ထို့နောက် ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရမည့် နည်းလမ်းများ၊ ပြည်သူလူထုအနေဖြင့် ရောဂါကာကွယ်ရေးတွင် ပူးပေါင်းပါ၀င်ရမည့်အချက်များ စသည်တို့ကို ဆွေးနွေးပြောကြသည်။

ထို့ပြင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိတ်သတ်များနှင့် ကလေးငယ်များအတွက်  ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များရိုက်ကူးကာ ပေါက်တောမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်၊ စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းကာ ငှားရမ်းပေးလျက်ရှိကြသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)