လှည်းကူးမြို့နယ်၊ မင်းကုန်းအခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

လှည်းကူး  သြဂုတ်  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မင်းကုန်အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများ လူကုန်ကူးမှုအန္တရာယ်အကြောင်း သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မင်းကုန်းအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး လှည်းကူး နယ်မြေရဲစခန်းမှ ရဲအုပ်အောင်ကြည်သိန်း က လူကုန်ကူးမှုခံရနိုင်သည့် အခြေအနေ၊ လူကုန်ကူးမှုမခံရစေရေးအတွက် ကာကွယ်ရမည့် နည်းလမ်းများ၊ မိမိကိုယ်ကိုကာကွယ်ရမည့်အချက်များ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောသည်။ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)