မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်

ရမ်းဗြဲ သြဂုတ် ၂၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ရမ်းဗြဲမြို့နယ်၊ ပြည်သူ့ဆေးရုံဝင်းအတွင်း မြို့နယ်မီးသတ်ဦးစီးက လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူး ဦးကျော်ဇင်နိုင်မှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက မီးသတ်ဆေးဗူးသုံးစွဲပြီး အလျင်အမြန် မီးငြိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဗူးသုံးစွဲပုံ နည်းစနစ်များနှင့် မီးသတ်ဆေးဗူးဖြင့် ဖျန်းပက်ပုံတို့ကို လက်တွေ့သရုပ်ပြသ သင်ကြားပေးပြီး ကျန်းမာရေးဝန်ထမ်းများမှ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရယ်ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာသို့ ရမ်းဗြဲမြို့နယ် ဆရာဝန်ကြီး ဒေါက်တာခိုင်ထွန်းမှ ကြီးကြပ်ဆောင်ရွက်ပေးပြီး ကျန်းမာရေးဝန်ထမ်းများ လက်တေွ့လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)