ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး အသိပညာပေး ဟောပြောပွဲကျင်းပ

ရသေ့တောင် ဩဂုတ် ၂၄

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်က‌‌လေး‌‌စောင့်‌‌ရှောင့်ရေးအသင်းတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောခြင်းကို အ.ထ.က (၁) ကျောင်း၌ ယမန်နေ့ နံနက်၁၁နာရီက ဟောပြောခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးဦးကျော်လွင်မှ သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး သဘာဝဘေးအန္တရာယ်အကြောင်း၊ ရေဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်များ ကြုံတွေ့လာရပါက ကျောင်းသူ/ ကျောင်းသားများ ဆောင်ရန်ရှောင်ရန် အချက်များဖြစ်သည့် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက်ပြုလုပ်ရန်အချက်များ၊ ရေကြီးပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လူမူဝန်ထမ်းဦးစီးဌာနဦးစီးမှူး ဦးမျိုးမင်း‌မောင်မှကလေးသူငယ်ဆိုင်ရာ အခွင့်အလမ်းများအ‌ကြောင်းများကို အသိပညာ‌ပေး ရှင်းလင်းပြောကြားခဲ့သည်။ ထိုအသိပညာဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသူ/ ကျောင်းသား (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)